top of page

Vansangva အကြောင်း

ဤချင်းဖိုရမ်သည် မြို့ပြ လူမှုဆိုင်ရာတန်ဖိုး၊ ဒီမိုကရေစီတန်ဖိုး၊ ချင်းအမျိုးနွယ်စုအချင်းချင်းကြားအပြင် လူသားချင်း အပြန်အလှန် လေးစားဆက်ဆံမှုနှင့် စီမံခန့်ခွဲ အုပ်ချုပ်မှုဆိုင်ရာ ပညာဘာသာရပ်များကို မီးမောင်းထိုးမြင့်တင်ပေးနိုင်ရန် ၁၉၉၈ခုနှစ် ကနေဒါနိုင်ငံ အော်တာဝါ မြို့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

ချင်းဖိုရမ်သည် ဒီမိုကရေစီဆိုင်ရာ အခြေခံဥပဒေသများကို အားပေးအားမြှောက်ပြုလျှက် အရေးပါသောအသိပညာ နှိီးနှောဖလှယ်မှုများ တတ်စွမ်းမှုပညာများ မြင့်တင်ပေးခြင်းများကို ဤချင်းဖိုရမ်၏ Vansangva(အမြင့်ပျံငှက်) မှ ဒီမိုကရေစီဆိုင်ရာ သင်တန်းများကို အွန်လိုင်းမှတဆင့် ၂၀၀၉ ခုနှစ် နှစ်နှောင်းပိုင်းမှစ၍ ၂၀၁၂ခုနှစ် နှစ်ဦးပိုင်းထိတိုင် ပထမဦးဆုံးအကြိမ်အဖြစ် ဦးSalai Kippမှ ကြီးမှူးကျင်းပ ဦးဆောင်ခဲ့ပါသည်။

 ဤပညာပေးဆိုင်ရာ ဝန်ဆောင်မှုစင်မြင့်သည် စာပေးအားဖြင့်သော်၎င်း အသံထုတ်လွှင့်ခြင်းဖြင့်သော်၎င်း လူမှုကွန်ယှက်နှင့် ဝက်ဆိုဒ်များမှတဆင့်မြန်မာနိုင်ငံ အနှံ့အပြား နိုင်ငံသူ/သားများထံသို့ ပညာပေးပို့ချမှုများ လုပ်ဆောင်နိုင်ခဲ့ပါသည်။

ဤအွန်လိုင်းဒီမိုကရေစီလှုပ်ရှားမှုသည် မြန်မာလူမျိုးတို့၏ နိုင်ငံရေးဆိုင်ရာအမြင်ရှုထောင့်များ လက်တွေ့ဆန်စွာ မြင့်တင်ပေးနိုင်ရန်ဖြစ်သည့်အလျှောက် လူမှုအသိုင်းအဝိုင်း အဖွဲ့အစည်းများ၏ အားပေးထောက်ခံမှုများကိုလည်း များစွာရရှိခဲ့ပါသည်။

(၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ အတွေးပုံရိပ်လွှာများ

bottom of page