top of page

Vansangva

၂၀၀၉ ခုနှစ် နှစ်မှစ၍

ချင်းဖိုရမ်သည် ဒီမိုကရေစီဆိုင်ရာ အခြေခံဥပဒေသများကို အားပေးအားမြှောက်ပြုလျှက် အရေးပါသောအသိပညာ နှိီးနှောဖလှယ်မှုများ တတ်စွမ်းမှုပညာများ မြင့်တင်ပေးခြင်းများကို ဤချင်းဖိုရမ်၏ Vansangva(အမြင့်ပျံငှက်) မှ ဒီမိုကရေစီဆိုင်ရာ သင်တန်းများကို အွန်လိုင်းမှတဆင့် ၂၀၀၉ ခုနှစ် နှစ်နှောင်းပိုင်းမှစ၍ ၂၀၁၂ခုနှစ် နှစ်ဦးပိုင်းထိတိုင် ပထမဦးဆုံးအကြိမ်အဖြစ် ဦးSalai Kippမှ ကြီးမှူးကျင်းပ ဦးဆောင်ခဲ့ပါသည်။

ဤပညာပေးဆိုင်ရာ ဝန်ဆောင်မှုစင်မြင့်သည် စာပေးအားဖြင့်သော်၎င်း အသံထုတ်လွှင့်ခြင်းဖြင့်သော်၎င်း လူမှုကွန်ယှက်နှင့် ဝက်ဆိုဒ်များမှတဆင့်မြန်မာနိုင်ငံ အနှံ့အပြား နိုင်ငံသူ/သားများထံသို့ ပညာပေးပို့ချမှုများ လုပ်ဆောင်နိုင်ခဲ့ပါသည်။

ဤအွန်လိုင်းဒီမိုကရေစီလှုပ်ရှားမှုသည် မြန်မာလူမျိုးတို့၏ နိုင်ငံရေးဆိုင်ရာအမြင်ရှုထောင့်များ လက်တွေ့ဆန်စွာ မြင့်တင်ပေးနိုင်ရန်ဖြစ်သည့်အလျှောက် လူမှုအသိုင်းအဝိုင်း အဖွဲ့အစည်းများ၏ အားပေးထောက်ခံမှုများကိုလည်း များစွာရရှိခဲ့ပါသည်။

Image by NEOM

ကျွန်ုပ်တို့၏အစ

ဤချင်းဖိုရမ်သည် မြို့ပြ လူမှုဆိုင်ရာတန်ဖိုး၊ ဒီမိုကရေစီတန်ဖိုး၊ ချင်းအမျိုးနွယ်စုအချင်းချင်းကြားအပြင် လူသားချင်း အပြန်အလှန် လေးစားဆက်ဆံမှု နှင့် စီမံခန့်ခွဲ အုပ်ချုပ်မှုဆိုင်ရာ ပညာဘာသာရပ်များကို မီးမောင်းထိုးမြင့်တင်ပေးနိုင်ရန် ၁၉၉၈ခုနှစ် ကနေဒါနိုင်ငံ အော်တာဝါ မြို့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

ဤအစီအစဉ်၏ရည်ရွယ်ချက်မှာ တဦးချင်းစီသော်၎င်း လူမှုအဖွဲ့အစည်းအသိုင်းဝိုင်းများ၌သော်၎င်း မတူညီသော ပထဝီ မျိုးနွယ်ကွဲပြားမှုများကိုကျော်လွှားကာ မြန်မာနိုင်ငံတဝန်း

ဒီမိုကရေစီဆိုင်ရာ မူဝါဒများအား ဖြင့်သော်၎င်း အသိတရားများတပ် ဆင်တိုးပွါးနိုင်ရန်နှင့် ဒီမိုကရေစီတည်ဆောက်မှု ကဏ္ဍတွင် ကိုယ်စီကိုယ်ငှ အဓိပ္ပါယ်ရှိစွာတဖက်တလှမ်းပါဝင်နိုင်ကြရန်ဖြစ်ပါသည်။

Vansangva ဝိုင်းတော်သားများ

ကျွန်ုပ်တို့၏ ပြန်လည်စတင်ခြင်း

ကျွန်ုပ်တို့၏ Vansangva ပရိတ်သတ်များစွာတို့၏ တောင်းဆိုမှုများကြောင့်အစီအစဉ်အားပြန်လည် ပြုလုပ်နိုင်ရန် ဤ၂၀၂၄ခုနှစ်အတွင်း ပြန်လည်စတင်နိုင်ရန် ပြင်ဆင်လျှက်ရှိပါသည်။ ထို့ကြောင့် Vansangva လှုပ်ရှာမှုအစီအစဉ်အား ပြန်လည်စတင်သည့်အခါတွင် ချင်းဖိုရမ်နှင့် တပေါင်းတည်း လှုပ်ရှားခြင်းမပြုတော့ပဲ မိမိ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုဖြင့် အသက်သွင်းလှုပ်ရှားနိုင်ရန် ဖိုရမ်မှ ဆုံးဖြတ်ချမှတ်ခဲ့သည်နည်းတူ ချင်းဖိုရမ်နှင့် သက်ဆိုင်မှု မရှိတော့ပဲ အခြားသောအဖွဲ့အစည်းများကဲ့သို့ လွပ်လပ်စွာ သီးခြားရပ်တည်သော အဖွဲ့အစည်းတခုအဖြစ် စတင်ရပ်တည်ပါမည်။

bottom of page